URL
EMBED
Page 0:
Page 1: ချစ်လှစွာသော လောကဓံတရား
မောင်ချောနွယ် သင် ဒါတွေသိပါစ ချစ်လှစွာသော ကမ္ဘာကြီးခင်ဗျား ဘ၀ခရီးဟာ တစ်သီးစား လယ်ဧက မဟုတ်ခဲ့ပါ၊ သင်နဲ့ ကျွန်ုပ်တို့ဟာ ခြင်နဲ့ဖြုတ် မဟုတ်ခဲ့ပါ၊ တကယ်တော့လည်း ခြင်နဲ့ဖြုတ်ကို သင်တို့ ကျွန်ုပ်တို့ ကာကွယ်ရန်သာ ရှိပေရဲ့။ မိုးလာပျက် လေလာပျက် အိပ်မက်တွေမလို ပူကန်ပွင့်ကြေသော ဒုက္ခတွေသာလိုရဲ့။ သာမှနေမယ်ဆိုတဲ့ အလေအလွင့် အဖိတ်အစင်ဓာတ်တွေမလို သန့်စင်ထားတဲ့ အနာတရ လေထန်သံတွေလိုရဲ့။ ကိုလက်စထရော ခပ်များများနဲ့ လူတွေမလို လှုပ်ရှားပေါက်ကွဲနေတဲ့ ဗော်လ်ကန်နိုတွေလိုရဲ့။ ၀မ်းနဲ့လေ မကွဲတဲ့ လောကအမြင်တွေမလို သုံးရာသီ အဝေးပြေးကားတွေလိုရဲ့။ ရန်မဟုတ် မိတ်မဟုတ်တွေမလို အသစ်ချပ်ချွတ် ဒဏ်ရာတွေသာလိုရဲ့။ အုတ်အရောရော ကျောက်အရောရောတွေမလို ဇမ္ဗူရာဇ် ရွှေသားစစ်စစ် နွေရာသီတွေလိုရဲ့။ ကုဗပေ အရှည်အ ညွှန်းနဲ့ လူဘ၀တွေမလို ပင်ကိုယ်သဘာဝကို မထိန်ဝှက်တတ်တဲ့ သဲနဲ့ရှပ်ရှပ် မြို့ကလေးတွေလိုတယ်။ ဘ၀င်လည်း မမြင့် အလှစီခြယ်ရာမှာလည်း အမြဲတမ်း အောင်မြင်တဲ့ သဘာဝ အနုပညာရှင်တွေလိုရဲ့။ ချစ်လှစွာသော လောကဓံတရားရေ လောကကြီးဟာ သြဌာရိကဖြစ်ပြီး ဘ၀ဟာ သုခုမဖြစ်လေရဲ့ အချစ်ရေ … တို့တွေ နာတာရှည်ရောဂါမှာသာ သာယာလိုက်ကြပါစို့ ကမ္ဘာကြီးခင်ဗျား … သင်ကောင်းခဲ့သော်လည်း ကျွန်ုပ်တို့ ဆိုးခဲ့ပါတယ် ရိုးသားခွင့် မရှိတော့ပါ။ ။ မောင်ချောနွယ်
Page 2: